K-Service
Would you like to react to this message? Create an account in a few clicks or log in to continue.

Asus Zenfone 5 အား Lollipop 5.0 Firmware တင်နည်း (STEP BY STEP)

Go down

Asus Zenfone 5 အား Lollipop 5.0 Firmware တင်နည်း (STEP BY STEP) Empty Asus Zenfone 5 အား Lollipop 5.0 Firmware တင်နည်း (STEP BY STEP)

Post by Admin Thu Aug 27, 2015 2:20 pm

[You must be registered and logged in to see this image.]

Asus Zenfone 5 အား Kitkat version မှ Lollipop 5.0 version သို့ မြှင့်တင်နည်းအဆင့်ဆင့်ကို တင်ပြပေးသွားပါမည်။
ပထမဦးစွာ AsusZenfone 5 အား Lollipop 5.0 အဆင့်သို့မြှင့်တင်ပေးနိုင်ရန်အတွက် အောက်ပါ firmware နှစ်ခုကို Manual ပြန်လည်တင်ပေးရန်လိုအပ်ပါသည်။

1. Manual update to firmware ver 2.22.40.53

2. Manual upgrade to Lollipop 5.0

မိမိ၏ Asus Zenfone 5 သည် firmware version 2.22.40.53 အားတင်ထားပြီးမှသာလျှင် ကျန်ရှိနေသော lollipop version အား အဆင်ပြေစွာလွယ်လွယ်ကူကူ မြှင့်တင်နိုင်မည်ဖြစ်ပါသည်။ လက်ရှိမှာ firmware ver 2.22.40.54 အားတင်ထားမည်ဆိုပါက lollipop version အား မြှင့်တင်ရန်အနည်းငယ်ခက်ခဲမှုရှိနိုင်ပါသောကြောင့် စာရေးသူအကြံပေးချင်တာကတော့ လက်ရှိ မိမိ၏ Asus Zenfone 5 မှာ မည်သည့် firmware version ကိုပဲ တင်ထားပါစေ ver 2.22.40.53 ကိုသာ ပြန်လည်တင်ထားပေးစေလိုပါသည်။
စာကြွင်း : တကယ်လို့များ မိမိ Zenfone 5 မှာ firmware version 2.22.40.53 ကိုတင်ထားပြီးသားဖြစ်နေပါက Lollipop 5.0 အားတန်းပြီးမြှင့်တင်နိုင်ပါသည်။

Asus Zenfone 5 အား Firmware version WW 2.22.40.53 တင်ရန်

အဆင့် ၁ : လိုအပ်သော Firmware ဖိုင်အား Official website မှ တိုက်ရိုက် Download ချရန်အတွက် အောက်ပါလင့်ကို နှိပ်ပါ။ ဖိုင်ဆိုဒ် ကတော့ (749 MB)လောက်ရှိပါမည်။
link
[You must be registered and logged in to see this link.]

အဆင့် ၂ : ဖုန်း နှင့် Download ချပါက ဖုန်း၏ Internal SD မှ Download ဆိုသော Folder ထဲတွင် Firmware ဖိုင်ရှိနေရပါမည်။ Downlaod ချထားသော Firmware ဖိုင် အား Downlaod Folder ထဲမှ Cut လုပ်ပြီး Download Folder အပြင်ဘက် ဖုန်း၏ Internal SD ထဲသို့ paste ပြန်ချပေးပါ။ ကွန်ပျူတာဖြင့် Download ချပါက Firmware ဖိုင်အား ကွန်ပျူတာမှတဆင့် မိမိ၏ ဖုန်း Internal SD ထဲသို့ copy/paste ချပေးပါ။
Firmware ဖိုင်သည် zip ဖိုင်ဖြစ်လာမှာဖြစ်ပြီး ယင်း zip ဖိုင်အား ပြန်လည် ဖြည်ချခြင်းမပြုလုပ်ရပါ၊ မည်သည့် Folder အောက်ထဲမှာမှ မထားရပါ။ ဖုန်း၏ Internal SD အပြင်ဘက်မှာပဲ zip ဖိုင်အနေဖြင့် ထားပေးရပါမည်။
အဆင့် ၃ : (၁) ဖုန်းကို restart ချရန်အတွက် မိမိ ဖုန်း၏ Power button ကို နှိပ်ပြီး ဖုန်းအား restart ချပေးပါ။
(၂) Restart ချပြီးတဲ့နောက် မိမိ၏ ဖုန်း Status ဘားပေါ်တွင် တြိဂံပုံလေးဖြင့် Notification message လေးလာပြနေပါလိမ့်မည်။အကယ်၍ မည်သည့် message မှ မပြပါက ဖုန်း၏ Mobile data (အင်တာနက်) ကိုပိတ်ပြီး ဖုန်းအား နောက်တစ်ကြိမ် restart ပြန်ချပေးပါ။
(၃) Notification message လေးပြန်ပြလာပီဆိုပါကအောက်သို့ဆွဲချပြီးကြည့်ပါက သင့်အား System update is available ဟုလာပြနေပါလိမ့်မည်။ထိုအခါ သင်ရွေးချယ်စရာရှိသည်ကို ယင်း System update notification message ၌ရွေးပေးပြီး OK ကိုနှိပ်လိုက်ပါ။
(၄) နောက်ထပ်တစ်ကြိမ် ဘက်ထရီနဲ့ပတ်သက်သော Notification message တစ်ခုကို သင် ထပ်မံတွေမြင်ရပါဦးမည် OK ကိုသာနှိပ်လိုက်ပါ။
ဒီနေရာမှာတစ်ခုပြောချင်တာကတော့ မိမိရဲ့ဖုန်းအား ဘက်ထရီအားလုံလုံလောက်လောက်ရှိနေဖို့လိုအပ်တယ်ဆိုတာကို ပြောချင်ပါတယ်။ System update မြှင့်နေတုန်း ဘက်ထရီအားကုန်တာနဲ့ ကြုံတွေ့ရမယ်ဆိုရင်တော့ဖြင့်……ဒန့် ဒန့် တန်
(၅) ဖုန်းမှာ Boot loader အဆင့်သို့ပြန်လည်ရောက်ရှိပြီး updating (Firmware တင်ခြင်း)လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါလိမ့်မည်။
(၆) အချိန်အတိုင်းအတာတစ်ခုအထိ သင့်၏ဖုန်းအား System updating လုပ်ဆောင်နေတာကိုတွေ့မြင်နေရပါလိမ့်မည်။ Firmware တင်ခြင်းပြီးဆုံးသွားပါ ဖုန်းအား reboot တစ်ကြိမ်ထပ်ချပြီး လိုအပ်သောလုပ်ဆောင်ချက်များကိုရယူနေပါလိမ့်မည်။တခါတရံမှ reboot ပြန်တက်ပြီး လိုအပ်သော Android လုပ်ငန်းစဉ်များကို ရယူနေချိန်မှ ၁၀ မိနစ်ပတ်လည်ခန့်ကြာမြင့်တက်ပါသည်။
လိုအပ်သောလုပ်ဆောင်ချက်များကို ပြီးစီးသွားပါက ဖုန်း၏ Home Screen သို့ရောက်ရှိသွားပြီးဖုန်းမှာ Firmware တင်ခြင်းလုပ်ငန်းစဉ် စင်းလုံးချောအောင်မြင်ပြီးစီးသွားပါပြီ။
သေချာမှုရှိစေရန်အတွက် ဖုန်း၏ Firmware build number ကို တစ်ခေါက်ထပ်မံစစ်ဆေးပေးလျှင်ပိုကောင်းပါမည်။
Settings> about> software information ထဲသို့ဝင်ရောက်ပြီး 2.22.40.53 ဟုတ်မဟုတ်ကိုစစ်ဆေးပါ။
Asus Zenfone 5 အား Lollipop 5.0 Firmware တင်ရန်
အဆင့် ၁ : လိုအပ်သော Lollipop Firmware ဖိုင်အား Official website မှ တိုက်ရိုက် Download ချရန်အတွက် အောက်ပါလင့်ကို နှိပ်ပါ။ ဖိုင်ဆိုဒ် ကတော့ (700 MB)လောက်ရှိပါမည်။

link
[You must be registered and logged in to see this link.]

အဆင့် ၂ : ဖုန်း နှင့် Download ချပါက ဖုန်း၏ Internal SD မှ Download ဆိုသော Folder ထဲတွင် Firmware ဖိုင်ရှိနေရပါမည်။ Downlaod ချထားသော Firmware ဖိုင် အား Downlaod Folder ထဲမှ Cut လုပ်ပြီး Download Folder အပြင်ဘက် ဖုန်း၏ Internal SD ထဲသို့ paste ပြန်ချပေးပါ။ ကွန်ပျူတာဖြင့် Download ချပါက Firmware ဖိုင်အား ကွန်ပျူတာမှတဆင့် မိမိ၏ ဖုန်း Internal SD ထဲသို့ copy/paste ချပေးပါ။
Firmware ဖိုင်သည် zip ဖိုင်ဖြစ်လာမှာဖြစ်ပြီး ယင်း zip ဖိုင်အား ပြန်လည် ဖြည်ချခြင်းမပြုလုပ်ရပါ၊ မည်သည့် Folder အောက်ထဲမှာမှ မထားရပါ။ ဖုန်း၏ Internal SD အပြင်ဘက်မှာပဲ zip ဖိုင်အနေဖြင့် ထားပေးရပါမည်။

အဆင့် ၃ : (၁) ဖုန်းကို restart ချရန်အတွက် မိမိ ဖုန်း၏ Power button ကို နှိပ်ပြီး ဖုန်းအား restart ချပေးပါ။

(၂) Restart ချပြီးတဲ့နောက် မိမိ၏ ဖုန်း Status ဘားပေါ်တွင် တြိဂံပုံလေးဖြင့် Notification message လေးလာပြနေပါလိမ့်မည်။အကယ်၍ မည်သည့် message မှ မပြပါက ဖုန်း၏ Mobile data (အင်တာနက်) ကိုပိတ်ပြီး ဖုန်းအား နောက်တစ်ကြိမ် restart ပြန်ချပေးပါ။

(၃) Notification message လေးပြန်ပြလာပီဆိုပါကအောက်သို့ဆွဲချပြီးကြည့်ပါက သင့်အား System update is available ဟုလာပြနေပါလိမ့်မည်။ထိုအခါ သင်ရွေးချယ်စရာရှိသည်ကို ယင်း System update notification message ၌ရွေးပေးပြီး OK ကိုနှိပ်လိုက်ပါ။

(၄) နောက်ထပ်တစ်ကြိမ် ဘက်ထရီနဲ့ပတ်သက်သော Notification message တစ်ခုကို သင် ထပ်မံတွေမြင်ရပါဦးမည် OK ကိုသာနှိပ်လိုက်ပါ။

(၅) OK ကိုနှိပ်လိုက်ပါက ဖုန်းမှာ Reboot ကျသွားပြီး Lollipop 5.0 အား မြှင့်တင်ခြင်းလုပ်ငန်းစဉ်ကိုစတင်ဆောင်ရွက်နေပါပြီ။ Lollipop Firmware မြှင့်တင်ခြင်း ပြီးဆုံးသွားပါက ဖုန်းမှ Reboot တစ်ကြိမ်ထပ်မံကျသွားမည်ဖြစ်ပြီး Reboot ပြန်တက်လာပါက "Android is upgrading" ဟုပြကာ သတ်မှတ်ထားသော System applications များအားလုံးကို ပြီးပြည့်စုံအောင် လုပ်ဆောင်နေပါလိမ့်မည်(အချိန်အတိုင်းအတာတစ်ခုထိကြာနိုင်ပါသည်)။လုပ်ဆောင်ချက်များအားလုံးပြီးစီးသွားပါက ဖုန်းမှာ Home Screen သို့ရောက်ရှိသွားမည်ဖြစ်ပြီး မိမိ၏ ဖုန်းမှာလဲ နောက်ဆုံးတွင် Lollipop 5.0 အားအဆင်ပြေစွာ အောင်အောင်မြင်မြင် မြှင့်တင်နိုင်ခဲ့ပါပြီဖြစ်ပါသည်။(မှတ်ချက်။ ။ လိုအပ်တဲ့ တစ်ချို့ Google applications ကိုတော့ version ထပ်မံမြှင့်ပေးရဦးမှာဖြစ်ပါတယ်။)
ကဲ…အခုဆိုရင်ဖြင့် သင်၏ Ausu Zenfone 5 လေး Lollipop 5.0 ဖြင့် လန်းနိုင်ပါပြီ။

Admin
Admin
Admin

Posts : 425
Join date : 2015-07-24
Age : 28

https://kservice.iftopic.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum